ကြံခင်း ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်နှင့် ကြံခင်းမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ရပ်မိ/ရပ်ဖများ တွေ့ဆုံ ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပထမဦးစွာ မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က အဖွင့်အမှာ စကား ပြောကြားရာတွင် “မိုးနေကြာစိုက်ပျိုးမှု စီမံကိန်းနှင့်ပတ်သက်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ဖြစ်ထွန်းအောင်မြင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင် တာဝန်ခံများဖြင့် ကွင်းအလိုက် စနစ်တကျ ဆောင်ရွက်ရေးအားလည်းကောင်း၊ သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအားလည်းကောင်း၊ မြို့တော်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး” ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး မှာကြားခဲ့သည်။
ဆက်လက်ပြီး ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က မြို့နယ် ၏ ဒေသဆိုင်ရာ အချက်အလက်များကို (power point) ဖြင့် ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများဖြင့် မိတ်ဆက်ကြသည်။ ထို့နောက် မိုးနေကြာ စိုက်ပျိုးသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့များက စိုက်ပျိုးမှုအခြေအနေများကို တင်ပြကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က ဓာတ်မြေ ဩဇာ(သွင်းအားစု) အိတ်(၁၀၀၀)ကို မိုးနေကြာဧက (၁၀၀၀) စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူး များအား ပေးအပ်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)