အိမ်မဲ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူဆေးရုံ အစည်းအဝေးခန်းမတွင် CoviShield (၂)ကြိမ် ထိုးပြီးသော ဝန်ထမ်းနှင့် မိသားစုများအား အပိုဆောင်ကာကွယ်ဆေး Sinopharm များကို ယနေ့နံနက် ၉ နာရီတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ထိုးနှံပေးရာတွင် CoviShield (၂)ကြိမ် ထိုးနှံပြီး၍ ကြားကာလ (၆)လပြည့်ပြီးသော ဝန်ထမ်းနှင့် မိသားစုများအား Booster အနေဖြင့် (အပိုဆောင်း) Sinopharm ကို ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။ ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အပူချိန်တိုင်းတာခြင်း၊ သွေးတိုး၊ ဆီးချိုရှိ/မရှိ တိုင်းတာခြင်းနှင်း ဆေးထိုးပြီး နာရီဝက်ခန့် အနားယူပြီးမှ စုရပ်မှ ထွက်ခွာ စေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ (၁၆၄၀၅၇) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၉၂.၈၅) ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)