လပွတ္တာ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က လပွတ္တာ(၃)မိုင်မြို့ မြသန်းတန်ဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းတွင် လပွတ္တာ(၃)မိုင်မြို့ မြသန်းတန်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးပညီန္ဒထံမှ ငါးပါးသီလဆောက်တည်ကြသည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဇော်မျိုးညွန့်နှင့် ဝန်ထမ်းများက ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်း၊ ဝတ္တုငွေတို့အား ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ထံမှ ရေစက်ချတရားနာယူကြသည်။ ဆက်လက်၍ သံဃာအရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်