ကျောက်ဆည် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ကြား/ သင်ယူမှုများ အဆင်ပြေစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၌ ကျောင်းဆောင်သစ်များ ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာသင်ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရာတွင် (အ.မ.က) မြောင်းဦး၌ အန္တရာယ်ရှိသော အလျား (၄၅) ပေ၊ အနံ (၁၅) ပေ ကျောင်းဆောင်အား ဖျက်သိမ်းပြီး အလျား (၆၀) ပေ၊ အနံ(၃၀)ပေ Steel Structure (၁)ထပ် စာသင်ကျောင်းဆောင် (၁) ဆောင်၊ (အ.မ.က) တံတားဦးလေး၌ အလျား (၆၀)ပေ၊ အနံ(၃၀)ပေ Steel Structure (၁) ထပ် စာသင်ကျောင်းဆောင် (၁) ဆောင်၊ (အ.မ.က) ရေသရောက်၌ အလျား(၆၀)ပေ၊ အနံ(၃၀)ပေ Steel Structure (၁)ထပ် စာသင်ကျောင်းဆောင် (၁) ဆောင်၊ မူလွန်သပြေသာ၌ အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ Steel Structure (၁)ထပ် စာသင်ကျောင်းဆောင် (၁) ဆောင်၊ မူလွန်ဒါန်းရွာ၌ အလျား(၉၀)ပေ၊ အနံ(၃၀)ပေ အုတ်ညှပ် (၁)ထပ် စာသင်ကျောင်းဆောင် (၁)ဆောင်၊ (အ.မ.က) မြင်းချီနိုင်၌ အလျား(၈၀)ပေ၊ အနံ(၃၀)ပေ Steel Structure (၁) ထပ် စာသင်ကျောင်းဆောင် (၁) ဆောင်၊ (အ.မ.က) ကျီးအင်း၌ အလျား(၁၂၀)ပေ၊ အနံ (၃၀) ပေ Steel Structure (၁) ထပ် စာသင်ကျောင်းဆောင် (၁) ဆောင်၊ (အ.မ.က -ခွဲ) ပိတောက်တက်၌ အလျား (၆၀)ပေ၊ အနံ(၃၀)ပေ Steel Structure (၁)ထပ် စာသင်ကျောင်းဆောင် (၁) ဆောင် ဆောက်၊ (အ.ထ.က) ကျောက်ဆောက်ကုန်း၌ အလျား(၉၀)ပေ၊အနံ(၃၀)ပေ Steel Structure (၁)ထပ် စာသင်ကျောင်းဆောင်(၁)ဆောင်၊ (အ.မ.က) ကျောင်းကုန်း (ရွာပုလဲ) ၌ အလျား(၆၀)ပေ၊ အနံ(၃၀)ပေ Steel Structure (၁)ထပ် စာသင်ကျောင်းဆောင်(၁)ဆောင်၊ မူလွန်(၁၁)၌ အလျား(၈၀)ပေ၊ အနံ(၄၀)ပေ၊ အန္တရာယ်ရှိသော ကျောင်းဆောင်အား ဖျက်သိမ်း၍ အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ Steel Structure (၁) ထပ် စာသင်ကျောင်းဆောင် (၁) ဆောင် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၁) ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) (၉) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (၈)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၂၆) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၂၉) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (ခွဲ) (၁) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
သက်မောင် (ကျောက်ဆည်)