ဇေယျာသီရိမြို့နယ်၌အာဇာနည်နေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

ဇေယျာသီရိ ဇူလိုင်  ၁၁

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အာဇာနည်နေ့ အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် စာပေဖတ်ရှုလေ့လားခြင်းဖြင့် ရရှိလာနိုင်သောအကျိုး ကျေးဇူးများစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာသည့် ကလေးငယ်များအား စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲများပြုလုပ်ပေးပြီး ဆုရရှိသူများအား ဆုများပေးအပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်အနီးရှိ ရွှေတွင်းကုန်းကျေးရွာနှင့်  သာစည်ကျေးရွာတို့မှ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)