မောက်မယ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ခေတ်နှင့်အညီ Computer နှင့်သက်ဆိုင်သော နည်းပညာများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက Computer သင်တန်းတက်ရောက်မည့် လူငယ်လူရွယ်များတို့နှင့် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းနှင့် Computer နည်းပြဆရာ ဦးကျော်သက်ဝင်းတို့က Computer သင်တန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များအား သင်ကြားပေးမည့် ဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာလက်ကွက် (Mavis Beacon Plantinum)၊ မြန်မာစာလက်ကွက်(Pyidaungsu / Myanmar-3) ၊ ဖိတ်စာ/ လိပ်စာကတ် CV Forn ပြုလုပ်နည်း ၊ Power Point ၊ Microsoft Word/ Microsoft Excel စာရင်းဇယားရေးဆွဲနည်းနှင့် အချိန်ဇယား၊ သင်တန်းကာလတွင်သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ(၄၀)ဦးက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)