ချောက်မြို့နယ်၌ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

မ​ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ  ထိုးနှံတိုက်ကျွေးခြင်းများကို ဇူလိုင် (၆)ရက်​နေ့မှ စတင် ​ဆောင်ရွက်ပေးလျက်ရှိရာ ယ​နေ့အထိ ကလေးငယ်(၅၈၉)ဦးအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့​ကြောင်း သိရသည်။

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အာဇာနည်နေ့ အထိမ်းအမှတ် ကလေးများ ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ကလေးများ ဉာဏ်ရည်တိုးတက်စေရန်အတွက် ကဗျာရွတ် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးပြီး  ဌာနဆိုင်ရာများစုပေါင်း၍ ၂၀၂၂-ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါနန်းပွဲကို ယနေ့ နံနက် ၉ နာရီက ရမ်းဗြဲမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရမ္မာဝတီခန်းမ၌ ကျင်းပကြသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပညာရေးဌာနမိသားစုမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးဌာနမိသားစုမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပညာရေးမှူးရုံး စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများလှူဒါန်း

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးဆောင်ပြီး ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများလှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲTalk Show ကျင်းပခဲ့ကြောင်း သိရသည်။            

နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)အချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများသို့ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့​သည်။
Subscribe to