ချောက်မြို့နယ်၌ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

ချောက် ဇူလိုင် ၁၁

မ​ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ  ထိုးနှံတိုက်ကျွေးခြင်းများကို ဇူလိုင် (၆)ရက်​နေ့မှ စတင် ​ဆောင်ရွက်ပေးလျက်ရှိရာ ယ​နေ့အထိ ကလေးငယ်(၅၈၉)ဦးအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့​ကြောင်း သိရသည်။

မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက် အ​မြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး(၉)မျိုးကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း ကာကွယ် ဆေးများကို သတ်မှတ်ထားသည့် အကြိမ်နှင့်အသက်အရွယ်တွင် ဆေးထိုး၊ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များအား ရောဂါကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်းနှင့် ကိုယ်ဝန်​ဆောင်မိခင်များကိုလည်း (Td)ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ​ရာ ယနေ့အထိ ကိုယ်ဝန်​ဆောင်မိခင် (၁၂၆)ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)