နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

နတ်မောက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)အချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများသို့ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့​သည်။

“စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန် လာစေရန်၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ အတွက် သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်”ဟု မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ကပြောကြားသည်။

နတ်မောက်မြို့နယ်​ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ နှစ်ပတ်လျှင် (၁) ကြိမ် စာအုပ်၊ စာစောင်များ လှဲလှယ်၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဖြိုး