မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အာဇာနည်နေ့ အထိမ်းအမှတ် ကလေးများ ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

မြောင်းမြ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ကလေးများ ဉာဏ်ရည်တိုးတက်စေရန်အတွက် ကဗျာရွတ် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကေျာင်းသား/ကေျာင်းသူများ သွက်လက်ထက်မြက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ပြီး ပူပေါင်းလုပ်ဆောင်တတ်စေရန်၊ တစ်ဦး၏ အလေ့အကျင့်ကောင်းကို တစ်ဦးက အားကျအတုယူတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ အသီးသီးယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့် ကေျာင်းသား/ကေျာင်းသူ (၂၀)ဦးတို့က စိတ်ပါဝင်စား  ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင် ကေျာင်းသား/ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းများနှင့် မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ စာအုပ်စာပေ ချစ်မြတ်နိုးတတ် လာစေရန်၊   အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် ကေျာင်းသား/ကေျာင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန် ရည်ရွယ်၍  ပြပွဲ၊ ပြိုင်ပွဲ၊ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)