ဒေးဒရဲ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၅)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းချီပြိုင်ပွဲသို့ မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (၃)ကျောင်းက ဆရာ၊ ဆရာမများနှင့် ကျောင်းသူများက တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း