မြောက်ဥက္ကလာပမြို့နယ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

မြောက်ဥက္ကလာပ  ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပခဲ့ကြောင်း သိရသည်။            

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်း (သိန်းဝင်းဇော်)က ၁၉၄၇ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏သမိုင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ နယ်ချဲ့အလိပ်တို့က မြန်မာပြည်ကို ကျူးကျော်စစ်သုံးကြိမ်ဆင်နွဲ၍ သိမ်းပိုက်ပုံ၊ လက်နက်၊ လူအင်အားမမျှခြင်း၊ တိုင်းရင်းစည်းလုံးညီညွတ်မှု မရှိသောကြောင့်  နယ်ချဲ့တို့က နှစ်ပေါင်း(၁၀၀)ကျော် အုပ်ချုပ်ခဲ့ကြောင်းစသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှလှထွေး