ဒဂုံတောင် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာနေစိုးသော်က စာရေးဆရာအသင်း(ဗဟို)မှ ညွှန်ကြားသည့် တတိယအကြိမ်ညီလာခံက ချမှတ်ထားသောဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော်လိုက်နာရေး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကြသည့် အသင်းဝင်သား/ သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ရေး ၁၃၈၄ ခုနှစ် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲအတွက် စာရင်းပေးပို့ရေးနှင့် မိမိတို့မြို့နယ်စာရေးဆရာအသင်းတွင် လစ်လပ်နေသောအမှုဆောင်(၁)ဦးရွေးချယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ စာပေမောင်နှမများအနေဖြင့် ရင်းရင်းနှီးနှီးဆွေးနွေးကြရန် အစရှိသည်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ အမှုဆောင်များမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၊ အမှုဆောင်ရွေးချယ်ရေးအဆိုပြုခြင်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေး လုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်းများ၊ Talk Show များနှင့် Book Club လှုပ်ရှားဆောင်ရွက်မှုများအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးကြပြီး အစည်းအဝေးကို ညနေ ၃ နာရီတွင် ရုတ်သိမ်းပြီး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကြည့်ရှုကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြကြောင်း သတင်းရရှိသည်။
ကျော်စွာမိုး (ဒဂုံတောင်)