ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၁၇)လုံး ကြိုတင်ပြောင်းရွေ့

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ယနေ့ နံနက် ၈ နာရီက တောကျောင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၃)ရွာတို့တွင် လူနေအိမ် (၁၇)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။

သီပေါမြို့၌ ပရဟိတအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအား ရှမ်းပြည်နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ အခြေခံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်

မကွေးတိုင်ဒေသကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက သရက်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ဖွင့်လှစ်ရာ သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ကျေးရွာမှ လူနေအိမ်ဆောက်အဦအချို့အမိုးအကာပျက်စီးမှုဖြစ်ပွား

ကော့သောင်းမြို့တွင် မိုးသည်းထန်ရွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒပင်လယ်ကျေးရွာရှိ လူနေအိမ်ဆောက်အဦးအချို့ အမိုးအကာများ ပျက်စီးမှုဖြစ်စဉ် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း သင်တန်းဖွင့်

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ကြီးမှူးကျင်းပသည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ငါးသိုင်းချောင်းမြို့လူထုအခြေပြုဗဟိုဌာန၌ ပုံပြောပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ ကလေးစာဖတ်ခန်း၌ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊

အ-မ-က(၁၉၂)သဲကုန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-မ-က(၁၉၂) သဲကုန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ဇူလိုင်လ(၁၉)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်သည်။

နိုင်ငံတော်မှစေလွှတ်သည့် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ လေ့လာခရီးစဉ်သွားရောက်ခဲ့သည့် ကရင်ပြည်နယ်မှ ကျောင်းသူလေး (၂) ဦး၏ ရင်တွင်းစကားသံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့် အညီ ပညာရေးဝန်ကြီးဌာနမှ စီမံပို့ဆောင်ပေးသည့် နိုင်ငံခြားလေ့လာရေးခရီးစဉ်တွင် ပါဝင်ခဲ့သော ကရင်ပြည်နယ်မှ ထူးချွန်ကျောင်းသူနှစ်ဦးသည် ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဘားအံမြို့သို့ ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

မချမ်းဘော့မြို့နယ် Community Centre ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပုံပြင်ဖန်တီးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စိတ်ကြိုက်ပုံပြင်ဖန်တီးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနဝန်ထမ်းများမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to