ငါးသိုင်းချောင်း၊ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ ကလေးစာဖတ်ခန်း၌ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အ-မ-ကရေတံခွန်နှင့် အ-မ-က ဆိတ်ချေးကုန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများနှင့် စာပေချစ်မြတ်နိုးသူ (CLub) အသင်းအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံပြောပြိုင်ပွဲ၌ မူလတန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ(၁၀)ဦးက မိမိတို့ကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ စာပေချစ်မြတ်နိုးသူ(Club) အသင်းအဖွဲ့ဝင်များနှင့် အခြေခံပညာကျောင်းများမှ ဖိတ်ကြားထားသည့် ဆရာ/ဆရာမများက ပြိုင်ပွဲဝင်များကို အကဲဖြတ်အမှတ်ပေးရွေးချယ်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရကျောင်းသား/ကျောင်းသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများကို အခမ်းအနား တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ခြင်း/ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များအနေဖြင့် စာဖတ်စွမ်းရည်နှင့် အပြောစွမ်းရည်တို့ တိုးတက်မြင့်မားလာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်၊ ရဲစွမ်းသတ္တိရှိပြီး ကာယ၊ ဉာဏစွမ်းရည်များ အစဉ်တိုးတက်မြင့်မားလာစေရန်အတွက် သက်ဆိုင်ရာဌာနများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ (Club)အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စီစဥ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့ပြန်/ဆက်ဦးစီးမှူးဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)