ငဖဲမြို့နယ် မာန်အောင်ကျေးရွာတွင် စွမ်းအားမြှင့် အေဝမ်းမီးဖို အလုံး၁၀၀ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စံပြကျေးရွာအဖြစ် တည်ထောင်မည့် မာန်အောင်ကျေးရွာတွင် ထင်းအစား အခြားလောင်စာ သုံးစွဲနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် စွမ်းအားမြှင့်အေဝမ်းမီးဖို အလုံး ၁၀၀ ကို  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့ ရေနံချောင်းတက္ကသိုလ် သင်ကြား/စီမံ ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့ (ဇူလိုင် ၁၂ ရက်) ယနေ့တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်၏ ဦးဆောင်မှုဖြင့် ရေနံချောင်း တက္ကသိုလ် သင်ကြား/စီမံ ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့နှင့် ငရုတ်ကောင်းတောင်ကျေးရွာ ကားလမ်းဘေးဝဲ/ယာရှိ အိမ်ထောင်စုများအတွက် အလှူရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့် ငရုတ်ကောင်းတောင်ကျေးရွာ ကားလမ်းဘေးဝဲ/ယာရှိ အိမ်ထောင်စုများအတွက် ယမန်နေ ့နေ့လည်ပိုင်းက အလှူရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

နှစ်ရှည်ထောပတ်ပင်အောက်များ၌ ဝဥစိုက်ပျိုးဖြစ်ထွန်းအောင်မြင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု ထီရီးကရင်ရွာ၌ နှစ်ရှည်ထောပတ်ပင်အောက်များတွင်

သထုံရွှေစာရံစေတီတော်မြတ်ကြီး၌ ဝါတွင်းတရားပွဲများ ပြန်လည်ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ဝါတွင်းကာလ ဥပုသ်နေ့များ၌ ကျင်းပပြုလုပ်မြဲဖြစ်သည့် ဝါတွင်းတရားပွဲများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်ခန့် ရပ်နားထားခဲ့ရာမှ ယခုနှစ်ဝါဆိုလပြည့် (ဓမ္မစက်ကြာအခါတော်နေ့)မှ စတင်ကာ အပတ်စဉ် ဥပုသ်နေ့တိုင်း ပြန်လည်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိသည်။

ရှမ်းရွာသစ်မြို့ အမှတ်(၁)ရပ်ကွက် ခတ္တာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၉၉၈၀၀၀၀/-) ဖြင့် အမှတ်(၁)ရပ်ကွက် ခတ္တာလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့ မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

၂၀၂၂ ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးနှင့် ကန်ကလေး စေတီတော်တို့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ (၂၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူ

ဝါတွင်းကာလ ဝါဆို၊ ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များစုပေါင်း၍  (၂၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့) ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကျင်းပသည်။

ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့တွင် မအူပင်မြို့တွင်းရှိ ဘုရားစေတီများတွင် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့တွင် ဥပုဒ်သီလဆောက်တည်ခြင်း၊ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဘုရားပွဲနှင့် သစ်သီး၊ ဆွမ်းကပ်လှူပူဇော်ခြင်း၊ ပန်း၊ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊

ကျောက်ဆည်မြို့နယ်အတွင်းရှိ  အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး လမ်းတာဘောင်တိုးချဲ့းခြင်းများ ဆောက်ရွက်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး လမ်းတာဘောင်တိုးချဲ့ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
Subscribe to