ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ကျေးရွာမှ လူနေအိမ်ဆောက်အဦအချို့အမိုးအကာပျက်စီးမှုဖြစ်ပွား

ကော့သောင်း ဇူလိုင် ၁၃

ကော့သောင်းမြို့တွင် မိုးသည်းထန်ရွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒပင်လယ်ကျေးရွာရှိ လူနေအိမ်ဆောက်အဦးအချို့ အမိုးအကာများ ပျက်စီးမှုဖြစ်စဉ် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့တွင် ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာရှိ လူနေအိမ် ၃ လုံး ခေါင်မိုးများလှန်ကာ ပျက်စီးခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ စီစဉ်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လိုအပ်သည့် ကူညီရှင်းလင်းကယ်ဆယ်မှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)