မချမ်းဘော့မြို့နယ် Community Centre ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပုံပြင်ဖန်တီးပြိုင်ပွဲကျင်းပ

မချမ်းဘော့ ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စိတ်ကြိုက်ပုံပြင်ဖန်တီးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ဖြစ်သည့် ကျောင်းသား ကျောင်းသူများ ဖြတ်ထိုးဉာဏ်၊ စိတ်ကူးဉာဏ်ကောင်းပြီး တီထွင်ဖန်တီးမှု မြင့်မားလာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းကို မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ရှင်းလင်းပြောကြားခဲ့သည်။

ထိုပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၂)ဦးပါ၀င်ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲ၀င်သူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်