ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၁၇)လုံး ကြိုတင်ပြောင်းရွေ့

ပန်းတနော် ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယနေ့ နံနက် ၈ နာရီက တောကျောင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၃)ရွာတို့တွင် လူနေအိမ် (၁၇)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။

ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော တောကျောင်းကျေးရွာအုပ်စု ကျောင်းတော်ကလေးကျေးရွာရှိ နေအိမ်(၅)လုံး၊ နံဂါတ်ရိုးကျေးရွာရှိ နေအိမ်(၁)လုံး၊ နံဂါတ်ကျေးရွာရှိ နေအိမ်(၁၁)လုံး စုစုပေါင်း နေအိမ်(၁၇)လုံး၊ အိမ်ထောင်စု (၁၇)စု၊ လူဦးရေ စုစုပေါင်း(၆၉)ဦးတို့ကို ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့် ဆွေမျိုးသားချင်း နေအိမ်များ၌ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့် မြေကွက်လပ်များပေါ်သို့ နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)