ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၀၁၄၈၀) စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ မိုးစပါးစိုက်ဧကများတွင် အရည်အသွေးကောင်းမွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများက လျာထားချက်ထက် စိုက်ဧကပြည့်မီကျော်လွန်စေရန်အတွက် ကြိုးစားထွန်ယက်စိုက်ပျိုးလျက်ရှိ​သည်။

တောင်ဥက္ကလာပမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့ပူးပေါင်း၍

တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အား ဝါဆိုသင်္ကန်းနှင့် အခြားလှူဖွယ်ပစ္စည်းမျာလှူဒါန်း

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ပန်းယျကျေးရွာ စိန်ဖူးကျောင်းဆရာတော်အား ဝါတွင်းကာလ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲကို ယမန်နေ့ညနေ (၃) နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်း၊ ရေစက်ရုံ၊ စင်မြင့်ရေစင်နှင့် ရေပိုက်သွယ်တန်းခြင်းများ ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်အတွက်  လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အရှေငယ်တိုး ကျေးရွာ၌ သောက်သုံးရေ ဖူလုံစွာရရှိရေး စက်ရေတွင်း၊ ရေစက်ရုံ၊ စင်မြင့်ရေစင်နှင့် ရေပိုက်သွယ်တန်းများ ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့နယ်အတွင်း (GIS)နည်းပညာဖြင့် တည်နေရာ (Point) စတင်ကောက်ယူ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ (GIS)နည်းပညာဖြင့် တည်နေရာ (Point) စတင် ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြား

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင်  ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နံနက်ပိုင်းမှညပိုင်းအထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် ‌အထူးစည်ကားများပြားလျက်ရှိသည်။

ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးရေး ချေးငွေများ ထုတ်ချေး

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပဲခူးခရိုင်ဘဏ်ခွဲသည် ပဲခူးမြို့ နယ်အတွင်းရှိ အချိန်စေ့ချေးငွေပြေကျေပြီးသည့် လယ်သမားများသို့ (၁၈-၅-၂၀၂၂) နေ့မှစတင်၍ ၂၀၂၂-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ (၁၁-၇-၂၀၂၂) ရပ်ကွက်/ ကျေးရွာအုပ်စု (၃၅) အုပ်စုမှ လယ်သမား (၁၅၅၄) ဦးသို့ (၁၀၇၈၁) ဧကအတွက် ချေးငွေပေါင်း (၁၆၁၇၁.၅၀) သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Subscribe to