ငါးသိုင်းချောင်းမြို့၌ ရှင်သာမဏေ(၁၅၆)ပါးအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ သိရီအောင်စေကျောင်းတိုက်အတွင်း၌ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလပြည့်နေ့ ညနေပိုင်းက မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျောင်းတိုက်ပေါင်း(၅၀)ကျော်ရှိ ရှင်သာမဏေ(၁၅၆)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။