သရက်မြို့၌ အခြေခံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်

သရက် ဇူလိုင် ၁၃

မကွေးတိုင်ဒေသကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက သရက်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ဖွင့်လှစ်ရာ သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရက သဘာဝဘေးအန္တရာယ်ကို မဖြစ်ပေါ်အောင် တားဆီးလို့မရတဲ့အတွက် လူသားတွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ်တွေကြောင့် သေကြေထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို လျော့ပါးအောင် ဆောင်ရွက်နိုင်တဲ့အတွက် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းတွေကို မဖြစ်မနေ ဆောင်ရွက်သွာကြဖို့ လိုမှာဖြစ်သည့်အတွက် သင်တန်းမှ သင်ယူရရှိသည့် သဘာဝဘေးအန္တရာယ် ကာကွယ်စောင်ရှောက်မှု အလေ့အကျင့်ကောင်းများကို သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိကျေးရွာ ရောက်သည့်အခါ ပြည်သူများရဲ့ အသက်အိုအိမ်စည်းစိမ်များ သဘာဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆင့်ပွားပညာပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှုဦစီးဌာန သရက်ခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ပြောကြားရာမှာ သဘာဝဘေးအန္တရာယ် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ခြင်းတွေ ဆောင်ရွက်ထားကြဖို့၊ သဘာဝဘေး အန္တရာယ် ဖြစ်တဲ့အချိန်မှာ အရေးပေါ်တုံ့ပြန် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေ သဘာဝဘေးအန္တရာယ် ဖြစ်ပီးတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ဒေသခံပြည်သူများ၊ အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ အနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ သဘာဝဘေးနှင့် ပတ်သက်ပြီး အသိပညာများ ရရှိစေရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းဖွင့်လှစ်အပြီးတွင် သင်တန်းကို ဆက်လက်သင်ကြားပေးခဲ့သည် သင်တန်းကို သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဇူလိုင်လ(၁၃)ရက်မှ (၁၅)ရက်ထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။    

ဇော်ထက်(သရက်)