ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်းရေးပြုလုပ်

ဇလွန် ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်းအတွင်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့​ကြ​​သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် ဇလွန်မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဘုရားဝန်းအတွင်းအပြင်ရှိ  နေရာများကို တံမြက်စည်းလှဲခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်း၊ အမှိုက်ပုံးများ ပြင်ဆင်ထားရှိခြင်းများ အစရှိသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)