ငရုတ်ကောင်း ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (ဒရယ်ကျွန်း) ကမ်းခြေတွင် ဝါဆိုလပြည့်ကျော်(၁)ရက်နေ့တိုင်း နှစ်စဉ်လှိုင်းခုံပွဲတော် ရေကစားသူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့ (ဒရယ်ကျွန်း)ကမ်းခြေတွင် ဝါဆိုလပြည့်ကျော်(၁)ရက်နေ့ရောက်တိုင်း ငရုတ်ကောင်းမြို့မှ ဒေသခံပြည်သူများ၊ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများ၊ နယ်ဝေးသို့ အလုပ်အကိုင်သွားရောက်လုပ်ကိုင်သူများမှာ လှိုင်းခုံပွဲတော် အချိန်အမှီ မိမိဒေသပွဲတော်သို့ ပြန်လည်လာရောက်ပြီး ပျော်ရွှင်စွာ ရေကစားကြသည်။
အဆိုပါပွဲတော်သည် ယခင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ဖြစ်သည့်အတွက် လာရောက်ရေကစားသူများ နည်းပါးလျက်ရှိသည်။ ယခုနှစ်ဝါဆိုလပြည့်ကျော်(၁)ရက်နေ့တွင် (ဒရယ်ကျွန်း)ကမ်းခြေ၌ ဝါဆိုပန်းခူးသူများနှင့် လှိုင်းခုံရေကစားသူများဖြင့် စည်ကားလျက် ရှိကြောင်းသိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)