ပွင့်ဖြူမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံ ကျေးလက်နေပြည်သူများ လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက် ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတက္ကသိုလ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မန္တလေးတက္ကသိုလ် အင်းဝ(၉) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ဇူလိုင် ၁၃ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်‌ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်‌ရေး အသိပညာ ပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အာဇာနည်နေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ

၂၀၂၂ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဝါဆိုလပြည့်ကျော်(၁) ရက်နေ့တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်း သမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ဘုရားဖူးပြည်သူများဖြင့် ဆက်လက် စည်ကား

၂၀၂၂ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊  ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး ဘုရား၊ စေတီတော်မြတ်ကြီးတို့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် ဆက်လက် စည်ကားလျက်ရှိသည်။

မိုင်းရယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးနှင့် အခြားသီးနှံစုံ ၅၃၁၈၆ ဧက စိုက်ပျိုးထုတ်လုပ်မည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည် စနစ်များဖြင့် မိုးစပါးနှင့်အခြားသီးနှံစုံ ၅၃၁၈၆ ဧကကို

မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေနံနက် ၁၀ နာရီက သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စိတ်လူမှုဆိုင်ရာထောက်ပံ့ကူညီမှုအသိပညာပေးသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality)တို့ပူးပေါင်းပြီး စိတ်လူမှုဆိုင်ရာထောက်ပံ့ကူညီမှုအသိပညာပေးသင်တန်းကို

ဒေါပုံမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀:၃၀ နာရီက စာရေးဆရာမ တင်ထက်ထက်​​ဇော် (ပေါက်ပေါက်)နှင့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to