ပင်လုံ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လုံမြို့ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယနေ့နံနက်(၁၁:၀၀)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်အကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတများရရှိစေသည့် အကြောင်းအရာများ ဟောပြောခဲ့ပါသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများကို ပုံပြင်၊ ရုပ်ပြစာအုပ်များ ဖတ်ရှု့လေ့လာစေပြီးနောက် ကျောင်းသား/ကျောင်းသူများက မိမိတို့ဖတ်မှတ်လေ့လာထားသည့် ပုံပြင်များအား ပြန်လည်ဆွေးနွေးပြောပြခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)