ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အ.ထ.က(မြို့မ)ကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ (Covid-19)ရောဂါကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ် ပြန်လည်ထိုးနှံ‌ပေး

ကွတ်ခိုင် ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအား ပထမအကြိမ်(Covid-19)ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိကျောင်းများအသီးသီး၌ ထိုးနှံ‌ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်  အ.ထ.က(မြို့မ) ကျောင်းမှစတင်၍ ဒုတိယအကြိမ်ပြန်လည်ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အ.ထ.က(မြို့မ) ကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ထိုးနှံပေးခဲ့ပြီး၊ ကာကွယ်‌ဆေးထိုးနှံပေးခြင်းကိုလည်း ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦး‌မောင်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညွန့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြပြီး ယနေ့ကာကွယ်‌ဆေးထိုးနှံပေးခဲ့သော ကျောင်းသား/ သူစုစုပေါင်း(၂၄၀)ဦးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)