ရန်ကုန် ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်နှင့် စာပေမှ ဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ သုတ၊ ရသ စသည့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရုံးသို့ သွားရောက်၍ အခမဲ့ငှားရမ်းပေးခဲ့သည်။
ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးရှိ ဝန်ထမ်းများက စာအုပ်များ ငှားရမ်းသည့် စာဖတ်ပရိသတ်များအား ယခင်ငှားရမ်းထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်ပြီး အသစ်ပြန်လည် ငှားရမ်းပေးခဲ့သည်။ ထိုသို့ သုတ၊ ရသ စာသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အလှည့်ကျသွားရောက်၍ အခမဲ့ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)