လေးမျက်နှာ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ကျက်သရေဆောင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီးအတွင်း ကိန်းဝပ်စံပယ်တော်မူသော ကြေးဆင်းတုတော်များအား ရောင်တော်ဖွင့် ကုသိုလ်ပြုခြင်းနှင့် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျက်သရေဆောင် သံသရာ ငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီးအတွင်း ကိန်းဝပ်စံပယ်တော်မူသော ကြေးဆင်းတုတော်များအား ရောင်တော်ဖွင့် ကုသိုလ်ပြုခဲ့ကြပြီး ပန်းရေချမ်းလဲလှယ်ကပ်လှူ ပူဇော်ခြင်းနှင့် ဘုရားရင်ပြင်တော်တွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ရောင်တော်ဖွင့်ကုသိုလ်ပြုခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲရင့်နောင်၊ အတွင်းရေးမှူးရဲမှူး အောင်ဆွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချူပ်ရးဦးစီးဌာန ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)