မန်တုံ ဇူလိုင် ၁၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(CommunityCenter)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသော အခြေခံအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အမှတ်ရနေစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရကြောင်း ပြိုင်ပွဲ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အထက်တန်းကျောင်းသား၊ ကျောင်းသူစုစု ပေါင်း(၉)ဦးမှ အာဇာနည်နေ့နှင့်ပတ်သက်သော စိတ်ကြိုက်ပန်းချီများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မန်တုံ(ပြန်/ဆက်)