စုကလိမြို့တွင်(၇၅) နှစ်မြောက်အာဇာနည်နေ့  အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

စုကလိ ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အာဇာနည်နေ့ သမိုင်းကြောင်းဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်း ကြောင်းနှင့် အာဇာနည်(၉)ဦးတို့၏ အတ္ထုပတ္တိများ နောင်လာနောက်သားတို့အနေဖြင့် အာဇာနည်စိတ်ဓာတ်ကို မိမိတို့၏ ကိုယ်တွင်း၌ ကိန်းအောင်းနေစေရန်တို့ကို အသိပညာပေးဟောပြော ဆောက်ရွက်ပေးသည်။

ဆက်လက်၍  ဆရာသန်းဝင်းလှိုင်ရေးသားသည့် အာဇာနည်သမိုင်းဆောင်းပါးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ  ကျင်းပပြုလုပ်ခဲ့ရာ စုကလိမြို့ အခြေခံပညာအထက် တန်းမှ အလယ်တန်းအဆင့် ကျောင်းသူကိုးဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသော ကျောင်းသူများအား ဆုများနှင့်လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုပိုအောင်(ပြန်/ဆက်)