လဲချားမြို့နယ် ကျေးလက်ဦးစီးဌာနမှ ကျေးရွာများတွင် အရိပ်ရပင်(၂၀၀)ပင်စိုက်ပျိုး

လဲချား ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၁၅-၇-၂၀၂၂ ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က အရိပ်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အရိပ်ရသစ်ပင်များစိုက်ပျိုးရာသို့ လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းစန္ဒာဝင်းက ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများစုပေါင်း၍ ၁၄-၇-၂၀၂၂ ရက်နေ့က ဝမ်စဲ့အုပ်စု မတ်လမ်းကျေးရွာကုန်ထုတ်လမ်းဘေးဝဲယာတွင် ချယ်ရီပင်(၅၀)ပင်၊ စိန်ပန်းပင် (၅၀)ပင်နှင့် ၁၅-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက နားမန်းအုပ်စု နောင်မွန်းရေထွက်နှင့် အနီးပတ်ဝန်းကျင်တွင် အရိပ်ရ မယ်ဇလီပင်(၅၀)ပင်၊ ရေသင်းဝင် (၅၀)ပင် စုစုပေါင်း(၄)မျိုး၊ ပျိုးပင်ပေါင်း(၂၀၀)ပင် စိုက်ပျိုးပေးခဲ့ကြောင်း သိရပါသည်။

လဲချား(မြို့နယ်ပြန်/ဆက်)