မော်လမြိုင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၅)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မော်လမြိုင် ဇူလိုင် ၁၅

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဇူလိုင်လ ၁၉ ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁  နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက မြန်မာ့သမိုင်း၌ မမေ့နိုင်သောနေ့ တစ်နေ့ဖြစ်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမည်နှင့်အတ္ထုပ္ပတိများတို့ကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အာဇာနည် ခေါင်းဆောင်ကြီး(၉)ဦးတို့၏ ကိုယ်ရေး​အကျဉ်း၊ ဗိုလ်ချုပ်၏ မှတ်တမ်းဓာတ်ပုံနှင့် အာဇာနည်နေ့နှင့် ပတ်သက်သော စာအုပ်၊ စာစောင်များ၊ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရူနိုင်ရန် ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်