ငွေဆောင် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့ နံနက် ၆ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ ဦးဆောင်၍ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေ တို့အား ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။ ထို့နောက် ငွေဆောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မရံသီကျောင်းတိုက်ဆရာတော် အရှင် အဂ္ဂဓမ္မ (သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ)ထံမှ ငါးပါးသီလနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ရခြင်း အကျိုးကျေးဇူးတရား ဒေသနာတော်များကို သြဝါဒကထာချီးမြှင့်ဟောကြားတော်မူပြီး ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။
အောင်တင်