မိုင်းယောင်းမြို့၌ ကျောင်းဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

မိုင်းယောင်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အ.လ.က(တပ်တွင်း) ကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ပန္နက်တင်အခမ်းအနားတွင် မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရတနာပန္နက်များကို စိုက်ထူပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါကျောင်းဆောင်သစ်ကို ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၁၇၆ ဒသမ ၄၀၀ ဖြင့် Shan Queen Co.,Ltd က တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ပြီး အလျားပေ ၁၄၀၊ အနံပေ ၃၀ အကျယ်ရှိ RCC နှစ်ထပ်အမျိုးအစားဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း