သရက်ချောင်းမြို့နယ်၌(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာအဆင့်ပြိုင်ပွဲကျင်းပ

သရက်ချောင်း  ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အထက-သရက်ချောင်း) ပညာရတနာခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာအဆင့်ပြိုင်ပွဲကို ယမန်နေ့က  ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ် ပညာရေးမှူးနှင့် ဆရာဆရာများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဝါသနာရှင်များတက်ရောက်ကြကြောင်းသိရသည်။

ပြိုင်ပွဲတွင်အထက်တန်းအဆင့်သင်ကျောင်းများမှအသက် (၁၁နှစ်မှ၁၅နှစ်) ကျောင်းသား၊ ကျောင်းသူများနှင့်အသက် (၁၅နှစ်-၂၀နှစ်) ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၂)ဦးပါဝင် ယှဉ်ပြိုင်သီဆိုခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များကို ပဏာမရွေးချယ်သွားမည်ဖြစ် ကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ဇူလိုင်လ  ၂၂ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဝါသနာရှင်အဆင့်နှင့်အခြေခံပညာအဆင့်များမှ ခရိုင်အဆင့်သို့ ပြိုင်ပွဲဝင်မည့်သူများအား အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူများထံမှ သိရသည်။

နန်းခလိုက်(သရက်ချောင်း)