နမ့်ဆန် ဇူလိုင် ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံးကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချပေးသော Containor Oxygen Plant စက်ကြီးဖြင့် ထုတ်လုပ်ရာတွင်၂၀၂၂ ခုနှစ် မတ်လမှ ဇွန်လထိ 40L (၁၉၂)လုံး၊ 15L (၁၁၁)လုံး၊ 10L (၁၂)လုံး စုစုပေါင်း (၃၁၅)လုံး ထုတ်လုပ်နိုင်ခဲ့ပါသည်။
ထုတ်လုပ်ပြီးအောက်ဆီဂျင်အိုးများအား အကူအညီလိုအပ်သူများ၊ ဆေးရုံသို့ကုသမှုခံယူသူ များအားလည်းကောင်း၊ နမ့်ဆန်အောက်ဆီဂျင် စေတနာ့လုပ်အားရှင် လူငယ်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များမှတဆင့် ရပ်ကွက်/ကျေးရွာရှိ အောက်ဆီဂျင်အကူအညီ လိုအပ်သူများထံသို့ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း (Oxygen Plant) ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးခင်မောင်ထံမှ သိရှိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)