ကမမောင်း ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ခြင်ကျားကင်းစင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကမမောင်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးသန်းကျော်သူ ဦးဆောင်၍ မြို့စည်ပင်သာယာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမမောင်းမြို့ အခြေခံပညာကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း၊ သိုလှောင်ထားသောရေကန်များအတွင်း အဘိတ်ဆေးများခတ်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်လှ(ကမမောင်း၊ပြန်/ဆက်)