သာယာဝတီမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇူလှိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မဒေါ့ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆန်းဟိုက မိမိတို့‌ကျေးရွာ ဖွံ့ဖြိုးရေးအတွက်လာရောက်၍ ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများမှ သိလိုသည်များကို မေးမြန်းနိုင်ကြောင်း ‌ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျန်းမာ‌ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာန တစ်ခုခြင်းစီ၏လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံ ပြည်သူများက သိရှိလိုသည်တို့ကိုမေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်