ကွမ်းခြံကုန်း ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး၏ ရုံးလက်ခံအိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များအား Software Program ထည့်သွင်းချင်းလုပ်ငန်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းက အဖွင့်မှာစကားပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software ပုံစံရေးသွင်းခြင်းလုပ်ငန်း အဆင့်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များအား Computer Software Program ရေးသွင်းနည်းများ သင်ကြားပို့ချရာ ဌာနဆိုင်ရာမှ သင်တန်းသူ သင်တန်းသား (၂၂) ဦး တက်ရောက်ခဲ့ကြပြီး ကွမ်းခြံကုန်းမြို့နယ်တွင် အိမ်ထောင်စုပေါင်း (၄) သောင်းကျော်အား စာရင်းစတင်ရေးသွင်းပြီးဖြစ်ပါကြောင်း ကွမ်းခြံကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရထံမှ သိရသည်။
ဆွေနွယ် (IPRD)