ခါမ်းပါတ် ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၂ခု နှစ်၊ ဇူလိုင်လ( ၁၇) ရက်နေ့၊ နေ့လည် ( ၁း၀၀)နာရီအချိန်က (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ အတ္ထုပ္ပတ္တိများ စသည်တို့ကိုပြသထားပြီး အခြားသိမှတ်စရာ ကျန်းမာရေးဗဟုသုတဖြစ်ဖွယ်တို့ကိုပါ ပြသထားရှိကြောင်းသိရပြီး စာအုပ်စာစောင်ပြပွဲတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တုပ္ပတ္တိစာအုပ်များအပြင် အခြားဗဟုသုတရဖွယ် စာအုပ်များကို ပြသခဲ့ကြကြောင်းသိရသည်။
ခါမ်းပါတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြပွဲပြိုင်ပွဲများကျင်းပပေးခြင်း၊ စာဖတ်ဝိုင်းများဆောင်ရွက်ခြင်းစသည့် လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝိဇ္ဇာမောင်