သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေး

သရက်ချောင်း  ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ''ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီ အချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော ကျောင်းသား/သူများနှင့် (ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား/သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး မထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့်ကျောင်းသား/ကျောင်းသူများကို စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကို ရယူကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသား/ကျောင်းသူများအားထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အသက်(၁၈)နှစ်အထက်ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော ပြည်သူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီး  (၆)လပြည့်ပြီးသူများအား Booster Dose ကို ဆက်လက်ထိုးနှံပေးပြီး ရဟန်းသံဃာများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင် ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)