ကန့်ဘလူ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ဇူလိုင် ၁၈ ရက်နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နန်းမြင့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လေးစားအတုယူဖွယ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်များအကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)