မင်းလှ၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ Database သို့ ထည့်သွင်းခြင်း စတင်ဆောင်ရွက်

မင်းလှ ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ Database သို့ ထည့်သွင်းခြင်းကို ယနေ့ နံနက် ၉ နာရီခွဲချိန်က စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ ကွန်ပြူတာကျွမ်းကျင်သူများ အကူအညီဖြင့် ကွန်ပြူတာအစုံ (၂၀) အတွင်းအား Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ Database သို့ ထည့်သွင်းခြင်းကို နေ့စဉ် နံနက် ၉ နာရီခွဲချိန်မှ ညနေ ၄ နာရီခွဲချိန်ထိ တစ်လခန့်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)