ပြည်ကြီးတံခွန် ဇူလိုင် ၁၈
(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ပြည်ကြီး တံခွန်မြို့နယ် အမှတ်(၂၇) အခြေခံပညာအထက်ကျောင်းရှိ အောင်တံခွန်ခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်သန်းထွန်းနှင့် ကျောင်းအုပ်ဆရာကြီး ဒေါက်အောင်သက်ဆွေတို့က လိုက်လံကြည့်ရှုအားပေးသည်။
အဆိုပါ ပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်း၊ အထကခွဲ(၅)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၂) ကျောင်းမှ ကျောင်းသား/ကျောင်းသူ ပါဝင်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့ဒို့မမေ့ ခေါင်းစဉ်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် “ဘယ်မမေ့နိုင် ဆယ်ကိုးဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် မေ့မရသော ဇူလိုင်ဆယ်ကိုး၏ အာဇာနည်ကြီးများ ခေါင်းစဉ် ဖြင့်လည်းကောင်း ကျောင်းသား/ ကျောင်းသူ ( ၅၆) ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)