(၇၅)နှစ်မြောက် အာဇာနည်နေ့(အကြို) နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

မအူပင် ဇူလိုင် ၁၈

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့(အကြို) နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို အခြေခံပညာ မူလတန်းကျောင်း စာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် အိုင်ဝိုင်းအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအာကာဦးက (၇၅)နှစ်မြောက် အာဇာနည်နေ့(အကြို) ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အာဇာနည်စိတ်ဓာတ် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ ဆရာကြီးဦးဘိုထွေး(ပညာရေး-ငြိမ်း)က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံများအား ရှင်းလင်းဟောပြော ဆွေးနွေးသည်။ ၎င်းနောက် ကျောင်းသား/ ကျောင်းသူများအား ပြသထားသည့် နံရံကပ်စာစောင်များကို ဦးစီးအရာရှိ ဦးအာကာဦးမှ ရှင်းလင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)