မိတ္ထီလာခရိုင်အတွင်းရှိ အကောင်အထည်ဖော်ဆောင်ရွက်ရှိလျက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ  ဇူလိုင်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေး လက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းဇယားများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း(နည်းပညာ) နှင့်တာဝန်ရှိသူများသည် မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေ ရရှိရေးလုပ်ငန်း၊ Cash for Work စီမံကိန်းလုပ်ငန်း၊   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)၊ ကျေးလက်ကုန်ထုတ်လမ်းတို့အား အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် စာရင်းဇယားများကို ဦးစီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ၎င်းအပြင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ၁၃ ခု ဖွင့်လှစ်ရန် လျားထားပြီး ယခုလက်ရှိအချိန်အထိ သင်တန်း ၇ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသော သင်တန်း ၆ ခု အား သတ်မှတ်ကာလအတွင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်နိုင်တို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၌ ကျေးလက်ရေ ရရှိရေး လုပ်ငန်း ၁၃ ခု၊ Cash for Work စီမံကိန်းလုပ်ငန်း ကျေးရွာ ၄ ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) ၃၆ ရွာ၊ ကျေးလက်ကုန်ထုတ်လမ်း ၇ လမ်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)