ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ က‌လေးငယ်များ ကာယဉာဏ်ဏ ဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများ ဆောင်ရွက်

ပိုင်ကျုံ ဇူလိုင် ၂၀

ကရင်ပြည်နယ်၊   ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် က‌လေးများ ကာယ ဉာဏ်ဏ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိ‌စေပြီး စာဖတ်စွမ်းရည် မြင့်မား‌စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ပြိုင်ပွဲများ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ကလေးငယ်များအနေဖြင့် ကာယ ဉာဏ်ဏနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေ‌ရေး၊ စာဖတ်စွမ်းရည်မြှင့်‌တင်ရေးနှင့် အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်နှင့် ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ အမှတ်()ရပ်ကွက်ရှိ ကလေးငယ်များအား ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ခုံလုတမ်းပြိုင်ပွဲတို့ကို ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကလေးငယ်များအား အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)