ဆဒုံး ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (TALK SHOW) ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်၊၊
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာဝင်းက ပြည်သူများ အသိပညာဗဟုသုတ မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (TALK SHOW) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ညွန့်ရွှေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ၊ အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း၊ အမျိးသမီးအကြမ်းဖက်မှုဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်းဖြင့် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်နှင့် အကြမ်းဖက်မှု ပပျောက်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်တတ်စေရန် ရှင်းလင်းဆွေးနွေးခဲ့သည်၊၊
ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ဗဟုသုတများ တိုးပွားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်၊၊
ဆဒုံး(ပြန်/ဆက်)