မန္တလေးတက္ကသိုလ်၌ သင်ကြားစီမံဌာန‌ပေါင်းစုံမှ ဝန်ထမ်းသစ်များအား ကွန်ပျူတာသင်တန်းဖွင့်လှစ်ပွဲ ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၂၁

မန္တလေးတက္ကသိုလ်တွင် သင်ကြားစီမံဌာန‌ပေါင်းစုံမှ ဝန်ထမ်းသစ်များအား ကွန်ပျူတာသင်တန်းဖွင့်လှစ်ပွဲကို ယမန်နေ့ညနေ(၄) နာရီအချိန်က မန္တလေးတက္ကသိုလ် (၄)ထပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ကွန်ပျူတာသိပ္ပံဌာနမှူးတို့၏ အစီအစဉ်ဖြင့် သင်ကြားစီမံဌာန‌ပေါင်းစုံမှ ဝန်ထမ်း သစ် ကွန်ပျူတာသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားအား မန္တလေးတက္ကသိုလ် ဒု-ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ဝင်းက သင်ကြားစီမံဌာန‌ပေါင်းစုံမှ ဝန်ထမ်းသစ်များအား မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအား လုပ်ရည်ကိုင်ရည်ဖွံ့ဖြိုး‌ စေရန်အတွက် သင်ကြားပို့ချ‌ပေးရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်တွင် ကွန်ပျူတာ အခြေခံမှစ၍ အင်တာနက်၊ e-mail များအထိ တက်မြောက်နိုင်စေရန် သင်ကြားပို့သွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်ပြီးဆုံးလျှင် ဒုတိယအကြိမ်အား (၉/၁၀)ပိုင်းထဲမှာ ဆက်လက်သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပထမအကြိမ်အဖြစ် သင်တန်းသား/သူ(၃၅)ဦးတို့အား (၂၀-၇-၂၀၂၂)ရက်နေ့မှ (၃၁-၈-၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတက္ကသိုလ် ဒု-ပါ‌မောက္ခချုပ် ဒေါက်တာမောင်မောင်ဝင်း၊ ကွန်ပျူတာသိပ္ပံဌာနမှူးများ၊ မန္တ‌လေး တက္ကသိုလ် ဆရာ/ဆရာမများ၊ သင်ကြားစီမံဌာန‌ပေါင်းစုံဝန်ထမ်းများ တက်ရောက်ကြ‌ကြောင်း သိရသည်။

အောင်ဇော်မင်း